fbpx
Don't Miss Special Promotion

"သင့် Website ကို Search Results တွေရဲ့ ထိပ်ဆုံးကို အမြန်ဆုံးရောက်ရှိဖို့ SEM (Search Engine Marketing) အခုပဲ လုပ်ဆောင်လိုက်ပါ။"

Search Engine Marketing (SEM) ဆိုတာဘာလဲ။

Search Engine တွေဖြစ်တဲ့ Google, Yahoo, Bing စတာတွေမှာ သင့်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ Keywords တွေကို ရှာဖွေတဲ့အခါ ရလဒ်တွေရဲ့ ထိပ်ဆုံးမှာ သင့် Website ပေါ်ထွက်လာစေဖို့ ကြော်ငြာအသုံးပြုပြီး လုပ်ဆောင်ခြင်းဖြစ်ပါတယ်။

အလွယ်ပြောရရင်တော့ Facebook မှာ Facebook Ads ထုတ်သလိုမျိုး Search Engine တွေဖြစ်တဲ့ Google, Yahoo, Bing စတာတွေမှာ Ads ထုတ်ခြင်း (တနည်း Advertising လုပ်ဆောင်ခြင်း) ကို SEM လို့ခေါ်ဆိုတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ Search Engines တွေမှာ Google တစ်ခုတည်းကို အဓိကအသုံးပြုကြသည့်အတွက် SEM လုပ်ဆောင်တဲ့အခါ Google Ads ကိုသာ အသုံးချလေ့ရှိကြပါတယ်။

Search Engine Marketing သည် ဝယ်ယူရန် အဆင်သင့်ဖြစ်နေသော စားသုံးသူများထံသို့ လွယ်ကူမြန်ဆန်စွာ ရောက်ရှိနိုင်သော မာကတ်တင်းနည်းလမ်းဖြစ်ပါတယ်။

SEM လုပ်ဆောင်တဲ့အခါ ကျွန်တော်တို့ပစ်မှတ်ထားမယ့် Keywrods တွေကို ရွေးချယ်ဖို့လိုအပ်ပါတယ်။

ကျွန်တော်တို့ ကာစတမ်မာတွေ ရှာဖွေကြမယ့် Keywords တွေကို စစ်တမ်းထုတ်ပြီး အသင့်တော်ဆုံးဖြစ်မယ့် Keywords တွေအတွက် ကြော်ငြာရမှာဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ သူတို့အနေနဲ့ ကျွန်တော်တို့ ပစ်မှတ်ထားကြော်ငြာလိုက်တဲ့ Keywords တွေကို လာရောက်ရှာဖွေတဲ့အခါ ကျွန်တော်တို့ Website ကိုတွေ့ရှိပြီး ဝင်ရောက်လာကြဖို့အတွက် ဖြစ်ပါတယ်။

Ads – သတ်မှတ်ထားတဲ့ Keywords တွေကို ရှာဖွေတဲ့အခါ ပြသမယ့် Web Page (Landing Page) ကိုလည်း ရွေးချယ်တည်ဆောက်ထားဖို့ လိုပါတယ်။

ပြသမယ့် Web Pageအပြင် ပြသမယ့် Platform – Google အတွက်ဆိုရင် Google Ads, Bing ဆိုရင် Bing Ads, Yahoo ဆိုရင် Yahoo Ads စသဖြင့် သက်ဆိုင်ရာ Search Engine အတွက် ကြော်ငြာရမှာ ဖြစ်ပါတယ်။ 

ပြသမယ့် Ads မှာအသုံးပြုမယ့် Meta Title, Meta Description စတာတွေကိုလည်း ကြော်ငြာထုတ်တဲ့အခါ တည်ဆောက်ရမှာ ဖြစ်ပါတယ်။ 

Audience – သင်ပစ်မှတ်ထားတဲ့ အသက်အရွယ် အပိုင်းအခြား၊ နေရာဒေသ၊ စိတ်ဝင်စားမှု၊ အမူအကျင့် စတာတွေကို ရွေးချယ်ဖို့လိုအပ်ပါတယ်။ သင့်ကြော်ငြာကို ပြသမယ့် စားသုံးသူတွေရဲ့ အချက်အလက်ကို စုဆောင်းပြီး Auidience တည်ဆောက်တဲ့နေရာမှာ အသုံးချရမှာဖြစ်ပါတယ်။

SEM (Search Engine Marketing) ကိုဘာကြောင့် လုပ်ဆောင်သင့်တာလဲ။ (Why, Benefits)

Digital Marketing Services

Digital Marketing Services

Services

အချိန်မှန် နေရာမှန်တွင် လူမှန်များဆီကို ရောက်ရှိနိုင်ခြင်း

SEM ရဲ့ အဓိက အားသာချက်ကတော့ အမှန်တကယ် စိတ်ဝင်စားတဲ့ စားသုံးသူတွေထံ အချိန်မှန်၊ နေရာမှန်မှာ ရောက်ရှိနိုင်ခြင်း ဖြစ်ပါတယ်။ Facebook Ads မှာဆိုရင် စိတ်ဝင်စားတဲ့သူတွေထံ ရောက်ရှိနိုင်ပေမယ့် Facebook က Social Media တစ်ခုဖြစ်ပြီး ဈေးဝယ်ဖို့၊ စုံစမ်းဖို့ သီးသန့်သုံးတာမျိုး မဟုတ်တဲ့အတွက် ကိုယ့်ကြော်ငြာကို မြင်တွေ့ရတဲ့အချိန်မှာ စိတ်ဝင်စားနိုင်သလို အခြားအကြောင်းအမျိုးမျိုးကြောင့်လည်း စိတ်မဝင်တာမျိုး ဖြစ်နိုင်ပါတယ်။

ဥပမာပြောရရင် စိတ်ခံစားချက် အဆင်မပြေတဲ့အချိန်၊ အခြားပစ္စည်း တစုံတခုကို စိတ်ဝင်စားနေချိန်မျိုးမှာ ကိုယ့်ကြော်ငြာကို ပြသမယ်ဆိုရင် အချိန်မှန်မဖြစ်နိုင်တော့ပါဘူး။ Google Search Box မှာ Keywords တွေကို လာရိုက်ထည့်တဲ့အခါမှာတော့ ကိုယ်တကယ်သိချင်လို့ လာရှာကြတာဖြစ်တဲ့အတွက် အချိန်မှန်၊ နေရာမှန်ဖြစ်သလို လူမှန်တွေဆီပါ ရောက်ရှိနိုင်တာဖြစ်ပါတယ်။

လွယ်ကူမြန်ဆန်စွာ ကြော်ငြာနိုင်ခြင်း

SEO လုပ်ဆောင်တဲ့အခါ အချိန်ပေးရသလို လုပ်ငန်းစဉ်တွေ များပြားတာကြောင့် ရှုပ်ထွေးတတ်ပါတယ်။ SEM (Google Ads) မှာတော့ ကြော်ငြာထုတ်ရတာ လွယ်ကူပြီး မြန်ဆန်စွာနဲ့ သင့်ကာစတမ်မာတွေဆီ ရောက်ရှိအောင် လုပ်ဆောင်နိုင်ပါတယ်။

တိကျစွာ တိုင်းတာနိုင်ခြင်း

SEM မှာ သင်ရွေးချယ်ထားတဲ့ Keywords တွေအလုပ်ဖြစ်မဖြစ်ကို သိရှိပြီး ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်ဆောင်နိုင်သလို၊ သင်သုံးလိုက်တဲ့ ငွေပမာဏနဲ့ Content (Landing Page) ရဲ့ ထိရောက်မှုကိုလည်း အချိန်နှင့်တပြေးညီ တိုင်းတာနိုင်မှာဖြစ်ပါတယ်။

သင့်အမှတ်တံဆိပ်အတွက် Brand Awareness မြင့်တက်စေခြင်း

SEM မှတဆင့် Quality ပြည့်ဝတဲ့ Traffic တွေကို ရရှိနိုင်ရုံသာမက သင့်လုပ်ငန်းအတွက် Brand Awareness လည်း တိုးလာနိုင်ပါတယ်။ သင့် Product (သို့) Service ရဲ့ Ranking ကောင်းလေလေ၊ စားသုံးသူတွေရဲ့ သင့် Brand အပေါ် အမြင်သက်ရောက်မှု ပိုအားကောင်းလေပါပဲ။

သင့်အတွက် SEM (Search Engine Marketing) ဘယ်လိုလုပ်ဆောင်ပေးမှာလဲ။ (How we do)

ကျွန်တော်တို့ DigitalMarketing.com.mm မှ သင့်အတွက် SEM (Google Ads) လုပ်ဆောင်ပုံအဆင့်ဆင့် ဖြစ်ပါတယ်။

Keywords Research

သင့်ပစ်မှတ်ဈေးကွက်ထဲရှိ စားသုံးသူတွေရဲ့ ရှာဖွေမှုအများဆုံး Keywords တွေကို လေ့လာစစ်တမ်းထုတ်ခြင်း ဖြစ်ပါတယ်။

Focused Keywords

Keywords များစွာထဲမှ ကြော်ငြာထုတ်ရာတွင် အသုံးချမည့် Keywords များကို ပြန်လည်ရွေးချယ်ခြင်း ဖြစ်ပါတယ်။

Optimize Landing Page

ကြော်ငြာတွင် အသုံးပြုမည့် Web Page (Landing Page) တွင် လိုအပ်သည်များကို ပြင်ဆင်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

Create and Run Campaigns

ဦးတည်သည့် ပစ်မှတ်ဈေးကွက်၊ ရက်အပိုင်းအခြား၊ ငွေပမာဏတို့ကို သတ်မှတ်ပြီး Ads Campaign များတည်ဆောက်မောင်းနှင်ခြင်း ဖြစ်ပါတယ်။

Reports & Analytics

ကြော်ငြာများ၏ ရလဒ်နှင့် ထိရောက်မှုရှိမရှိတို့ကို အချိန်နှင့်တပြေးညီ တိုင်းတာပြီး Reports များထုတ်ပေးခြင်း ဖြစ်ပါတယ်။

သင့် Website ကိုအချိန်တိုအတွင်း ရှေ့ဆုံးစာမျက်နှာ ထိပ်ဆုံးနေရာကို ရောက်ရှိဖို့ အခုပဲ ကျွန်တော်တို့ရဲ့ အတွေ့အကြုံနှင့် ဦးနှောက်များကို အသုံးချလိုက်ပါ။